Friday, November 13, 2009

9:49 PM | Posted in
ရဲရင့် (The NEJ)

မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ကာ မယ်လဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် အသစ်ထပ်မံရောက်ရှိလာသူ (၂၃,၀၀၀) ကို တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် ရှေ့လမှစ၍ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့စိစစ်ခြင်းခံရမည့်သူများမှာ ၂၀၀၆ ခုနှစ်မှစတင်ကာ ယခုနှစ်ကုန်ပိုင်း အထိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများ ဖြစ်ပြီး ၎င်းတို့အနက် စစ်ပြေးဒုက္ခသည်များ၊ သာမန်စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လာရောက်သူများ၊ အမေရိကန်နှင့် တတိယနိုင်ငံတခုခုသို့ စခန်းမှတဆင့် သွားရောက်နိုင်ရန် အိုးအိမ်ခြံမြေရောင်းချပြီး လာရောက်သူများ ပါရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။

တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရမီကာလတွင် ၎င်းတို့စခန်းတွင်း ရပ်တည်နိုင်ရေးအတွက် ဒုက္ခသည်များကို အခြေခံစားကုန်များ ကူညီပေးနေသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) အဖွဲ့က အကူအညီပေးထားခြင်းဖြစ်သည်။

+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...


မကြာခင်ပြုလုပ်မည့် စိစစ်မှုကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ခရိုင်ဆိုင်ရာဝင်ခွင့်ပြုရေးဘုတ်အဖွဲ့ (PAB) က စစ်ဆေးမည်ဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လေ့လာသူအဖြစ် ပါရှိမည်ဖြစ်သည်။

ထိုသို့ စိစစ်မှုပြုလုပ်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများကို ထိုင်းဘက်မှလက်ခံမည်ဖြစ်ပြီး ငြင်းပယ်ခံရသူများကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဟု မယ်လစခန်းမှ အရာရှိတဦးက ပြောသည်။

“တရားဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူတွေဟာ စခန်းအတွင်းမှာ ဆက်လက်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဒုက္ခသည်မှတ်ပုံတင်ပါ ရရှိမှာဖြစ်တဲ့အပြင် ဆန္ဒရှိသူတွေအနေနဲ့ တတိယနိုင်ငံတခုခုကို သွားရောက်အခြေချနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့်နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု UNHCR က ပြောသည်။

အဆိုပါကိစ္စကို UNHCR က စခန်းတွင်းသို့ ၀င်ရောက်စစ်ဆေးနေသဖြင့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး ယခုနှစ်ကုန်အထိ ပိတ်ပင်ထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်ဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း(၂) ခု အပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၃၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

Category:
��

Thursday, November 12, 2009

5:37 PM | Posted in
ကျော်ခ (မဇ္ဈိမ)

အငြိုးကြီးလှသော ကရင်အဖွဲ့ကွဲ နှစ်ခုအကြား ပြန်လည်ပြောင်းစည်းရေး ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရဘဲ ဖြစ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းရပ်ကွက်တခုက ပြောသည်။

ကေအန်ယူ၏ တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) မှ ကိုယ်စားလှယ် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနတို့ ထိုင်း-မြန်မာနယ်စပ်တွင် အောက်တိုဘာလ ၁၉ ရက်နေ့က လျှို့ဝှက်ဆွေးနွေးကြသော်လည်း တစုံတရာ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပွဲကလည်း ဘယ်မှ ခရီးမရောက်ဘူးပေါ့လေ။ ဘုန်းကြီးအနေနဲ့ကလည်း ကြိုးစားတာပဲ။ ဒါပေမဲ့ သူတပ်တွေကလည်း သူစကားကို နားထောင်တာရှိတယ်။ နားမထောင်တာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပ်တွေက နအဖ နောက်ကို လိုက်သွားပြီလေ။ တချို့တပ်ခွဲတွေကလည်း သူ့စကား နားမထောင်တော့ဘူးဗျ။ အဲဒါက သူ ဒီဆွေးနွေးပွဲအတွက် အခက်အခဲဖြစ်တာပေါ့” ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...


ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၄၈ ခုနှစ်ကတည်းက လက်နက်ကိုင် တော်လှန်သည့် KNU အတွင်း ၁၉၉၄ ခုနှစ်တွင် ကွဲထွက်သွားခဲ့ပြီးနောက် အသေအပျောက် များလှသော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

KNU ၏ အမာခံ စခန်းတခုဖြစ်သော မာနယ်ပလော အပါအဝင် နယ်မြေစိုးမိုးရေး တိုက်ပွဲများတွင် စစ်အစိုးရက ငြိမ်းချမ်းရေး ရယူထားသော DKBA ကို မဟာမိတ်ပြု၍ KNU အပေါ် တိုက်ခိုက်ခဲ့သည်။

သြဇာရှိ ခေါင်းဆောင်တဦးဖြစ်သော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို ထိုင်းနယ်စပ် မဲဆောက်ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမား ၂ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လေ့လာသုံးသပ်သူများက DKBA က လုပ်ဆောင်ခဲ့သည်ဟု လက်ညှိုးထိုးခဲ့သည်။ DKBA ဘက်တွင်လည်း ချောင်းမြောင်းသတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြိုင်ကြီးငူ ဆရာတော်က တိုက်ခိုက်သတ်ဖြတ်မှုများကို ရပ်စဲ၍ သွေးစည်းစေလိုကြောင်း ကြေညာချက်စာတစောင်ကို KNU သို့ ပို့ပေးခဲ့သည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်းက ဆရာတော် ဦးသုဇနထံသို့ တပတ်အတွင်း စာပြန်လျှောက်ထားခဲ့အပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“ဆွေးနွေးမှုက မပြတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ သူတို့ဆွေးနွေးကြတာက နှစ်ဖက်စလုံး အပစ်အခတ် ရပ်မယ်ဆိုလို့ရှိရင် သူ့ဘက်ကိုယ့်ဘက်ကို ထိန်းနိုင်တဲ့ အနေအထားရောက်မှ အပစ်အခတ်က ရပ်မှာကိုး။ မထိန်းနိုင်ဘဲနဲ့တော့ အပစ်အခက်ရပ်မယ်ဆိုရင် ရပ်တဲ့အဖွဲ့က ရပ်၊ ပစ်တဲ့အဖွဲ့က ပစ်ဆိုရင် အလကားပဲ။ ပြန်ပြီးတော့ ထပ်ရှုပ်လာဦးမယ်” ဟု ကရင်ခေါင်းဆောင်တဦးက ပြောသည်။

DKBA ၉၉၉ တပ်အရာရှိတဦးကမူ တပ်အတွင်း ညီညွတ်မှုရှိနေပြီး မြိုင်ကြီးငူ ဆရာတော်စကား လိုက်နာပါသည်ဟု ပြောသည်။

"ဆရာတော်ကတော့ ကျနော်တို့ကို အမြဲတမ်း မှာပါတယ်။ အမြဲတမ်း နားထောင်ပါတယ်။ အချင်းချင်း ညီညီညွတ်ညွတ်နေဖို့ဟာကို။ ဆရာတော်ကတော့ သွားဆွေးနွေးတာက ကျနော်တို့ နှစ်ဘက် ညီညီညွတ်ညွတ်နေဖို့၊ ဒါပဲ။ ပြေလည်၊ မပြေလည်ဆိုတာကတော့ ဆရာတော် လမ်းညွှန်မှုအတိုင်းပဲ” ဟု ၎င်းအရာရှိက ပြောသည်။

"ကျနော်တို့ DKBA ကတော့ ဆရာတော် ပြီးတယ်ဆိုရင် ပြီးတာပဲ။ ဆရာတော်စကား နားမထောင်တဲ့လူ တယောက်မှ မရှိပါဘူး။ ဆရာတော်က ညီညီညွတ်ညွတ်နေဆိုရင် ကျနော်တို့အားလုံးက ညီညီညွတ်ညွတ် နေမှာပဲ။ DKBA နဲ့ KNU နဲ့ အားလုံး ညီညီညွတ်ညွတ်နေရင် ကျနော်တို့ အားလုံး ဝမ်းသာတာပေါ့” ဟု သူက ဆက်ပြောသည်။

Category:
��
9:07 AM | Posted in
ဤကဗျာကို ဇွဲကပင်ဖေါင့်နဲ့ဖတ်မှ အဆင်ပြေမည်


ဘာၟသာ့ကါဖါ၊ လင္ဍာယာင္ယွး၊
လု္ဘးဍံင်သီး၊ ပ်ုသီးမွဲာဆိုဒ်လ်ုမိင်လှ်။

ဆ်ုခႜါင်အးထိုင့်၊ လူၟဃှိုင့်ဃှဲ့စွး၊
လု္ဘးဍံင်သီး၊ ပ်ုသဲုးမွဲာဆိုဒ်လ်ုမိင်လှ်။


ဆူ့ကေ၀်လိက်ခ၀့်၊ လူၟသ၀့်အးထ၀်၊
လ်ုမ၀့်မှ်သီး၊ ပ်ုသဲုးမွဲာဆိုဒ်လ်ုမိင်လှ်။

လာၟဏင့်္ဘိုဝ်သီး-- ထူ့ရူ့မုင်ၟ္ဘျာ၊
အ်ုလိုဒ်ၟအ်ုလာ၊ ၀ီၟဟှယ့်စွာဏှ်၊
္ဘးဍံင်လောဟ်သာထၞာၟလှ်။


စင်ၟ္ဘိုဝ်- ဘာၟသာ့လင်ၟဍာ၊ အးဖါဆ်ုခႜာင်၊
လိက်ကါင်ဖါဏင့်၊ ခႜဳိ၀္လင္သာဖႜဳံ၊
အှ်ကုံ္ဘးလဲ၊သာအဲဆိုဒ်ဏှ် ၊
္ဘးအှ်ထီ့ဆာလ်ုဖႜုံးလှ်။

ခေါဟ်လံင်ဖါသိုင့် စ၀်မယ်ထှ်
Category:
��
8:24 AM | Posted in

ဒီတိုက်တွန်းချက်စာလွှာသည် ဇွဲကပင် ဂျာနယ် (ဂျပန်)မှ ကူယူခြင်းဖြစ်ပါသည်။ ကရင်အမျိုးသား
တွေအတွက်အကျိုးများမည်ထင်လို့ ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။


သူငယ်ချင်းတို့ မင်းတို့ဟာ ကရင်လူမျိုးဖြစ်တယ်ဆိုရင် ကိုယ်လူမျိုးအတွက်အကောင်း
ဆုံးဘက်ကပေးစပ်ပါ။ မြန်မာနိုင်ငံမှာနေသူများအဖို့ အစိုးရကို ဆန့်ကျင်ရေးတစ်ခုသာ
လုပ်ဆောင်ရမယ်မဟုတ်ပါ။ ကိုယ်လူမျိုး ရိုးရာ ဓလေ့မပြောက်ပျက်အောင် ထိန်းသိမ်းဖို့
အတွက်သာရည်ညွှန်းခြင်းဖြစ်ပါသည်။ သင့်လူမျိုးများသည် ကမ္ဘာအရပ်ရပ်တွင်ပြန့်ပွား
လျှက်ရှိပါသည်သို့ပါ၍ ကိုယ့်ဘာသာ စကားများပျောက်ပျက်မသွားစေရန် သင့်မှစ၍
ကရင်လူမျိုးများဖြစ်သော ကရင် အမျိုးသားများအားတွေသည့်အခါတွင် ကရင်စကားသာ
ပြောကြစေလိုပါသည်။

+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...


ဥပမာအနေအားဖြင် အမေရိကန်၊ဟော်လန်၊ ဆွီဒင်၊ ကနေဒါ .....အစရှိသောနိုင်ငံ
များသို့ရောက်ရှိနေသော ကရင်လူမျိုးများသည် ယခုအချိန်တွင် ကရင်စကားကိုပြောတတ်
ပါသော်ညားလဲနောက်မျိုးဆက်များအနေဖြင့်ကရင်စကားများ မပြောတတ်မည်ကို ကျွန်တော်
အနေအားဖြင့် အထူးစိုးရိမ်မိပါသည်။ ကျွန်တော်အနေအားဖြင့်မြန်မာလို ရေရသည်မှာ
ကျွန်တော်သည် စကောကရင် ဖြစ်ပါသည် သို့သော်လဲ စကောကရင်ဘာသာဖြင့်
ကျွန်တော်ရေးလျှင် အရှေ့ပိုး၊အနောက်ပိုး၊အစရှိသောကရင်လူမျိုးများမနားလည်မည်ကို
စိုးရွံသောကြောင့် မြန်မာလိုရေးခြင်းဖြစ်ပါသည်။

သင်သည် အရှေ့ပိုးကရင်ဖြစ်လျှင် သင့်စကားမပျောက်ပါစေနှင့် ထို့အတူ အနောက်ပိုး၊
စကော၊ ကရင်ဖြူ၊ ဂယ်ခို ဂယ်ပါး၊ .......အစရှိသောကရင်လူမျိုးများသည်လည်း
မိမိ ဘာသာ မပျောက်ပျက်အောင် မည်သည့်နေရာရောက်ရောက် မိမိ စကားကို အမြဲ
ပြောဆိုခြင်းဖြင့် မိမိ တို့ အမျိုး ဘာသာ စကားကို ထိန်းသိမ်းကျပါစို့...

သူငယ်ချင်းအားလုံးကို လေးစားလျှက်
စောကညော

Category:
��

Wednesday, November 11, 2009

5:31 PM | Posted in
ဖနိဒါ (မဇ္ဈိမ)

တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား

တခြားသော အမျိုးသားများကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်

”သူ (ဒေါ်အောင်ဆန်းစုကြည်) တခုပဲ ပြောပါတယ်။ အမျိုးသားရေးဆိုတာ အင်မတန်ကောင်းတယ်။ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုးသားကို ကောင်းစားစေချင်တဲ့ စေတနာ မေတ္တာတွေ ကောင်းတယ်။ ဒါပေမယ်လို့ တခြားအမျိုးသားကို ထိခိုက်စေတဲ့ဟာ၊ တခြားအမျိုးသားကို မုန်းတီးတာဟာ အမျိုးသားရေး မဟုတ်ဘူးဆိုတာပဲ ပြောလိုက်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ကိုးကား၍ မဇ္ဈိမကို ပြောသည်။

+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...



ရှေ့နေလည်းဖြစ်သော ဦးဥာဏ်ဝင်းနှင့် နေအိမ်ချုပ်ကျခံနေရသော ပါတီခေါင်းဆောင်တို့ ယနေ့နံနက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြရာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယနေ့သည် မြန်မာ့ရိုးရာ ပြက္ခဒိန်အားဖြင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်ပြီး ၈၉ နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်အောက် ၁၉၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပညာရေးအဆင့် မြှင့်တင်စေလိုသော ကောလိပ်ကျောင်းသားများ၏ သပိတ်စတင်သောနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။

စစ်အစိုးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့မိန်းခွန်း ပြောကြားသည်ကို ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့ နိုင်ငံကြီးများက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး နယ်ပယ်အသီးသီး ကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုသည့် စကားကို ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသည့်အတွက် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရန်လည်း တောင်းဆို လိုက်သေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ သြစတြေးလျား အပါအဝင် စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးတွင် ပါဝင်ကူညီပေးမည်ဆိုသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်က စစ်ခေါင်းဆောင်ထံ စာရေးသား ပေးပို့ပြီးနောက် နောက်ဆက်တွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ မြင်ကွင်းတွင် ပြန်လည်ပေါ်ထွက်လာခဲ့ကာ သူမ၏ ပြောစကားများလည်း တဆင့်စကားအဖြစ် ပုံမှန်ထွက်ပေါ်လာနေခဲ့သည်။

ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပသော အမျိုးသားနေ့ အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဥာဏ်ဝင်းမှတဆင့် နှုတ်ဖြင့် သဝဏ်လွှာပါး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ပြည်နယ်နှင့် တိုင်း အသီးသီးမှ ခေါင်းဆောင်များ မအားလပ်သည့်ကြားမှ အခမ်းအနား တက်ရောက်ခြင်းအပေါ် ကျေးဇူးတင်သည်ဟု သူမက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ထပ်မံတောင်းဆိုလိုက်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင် များအား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် အဖွဲ့ချုပ် ရုံးများကို ကာလရှည်ကြာ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်ခွင့်ပြုရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ တရားဝင် စည်းရုံးခွင့်ပေးရန်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရပြီးမှ ဖျက်သိမ်းခံပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပေး၍ စည်းရုံးခွင့်ပြုရန်တို့ကို စစ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် “ဒီအမျိုးသားနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှုတ်နဲ့ သဝဏ်လွှာပါးခွင့်ရတာဟာ ထူးခြားတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံအရေး ပြေလည်မှု အလားလာ တိုးတက်လာသလားလို့ မျှော်လင့်နိုင်တယ်ဆိုရင်တော့ အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေးသမားများ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP နှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအဝင် လူဦးရေ ၁၀၀၀ ခန့် တက်ရောက် ခဲ့သည်။

မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုတွင် ကာလရှည်စွာ ပါဝင်လာခဲ့သည့် ဝါရင့်နိုင်ငံရေးသမားအစုကလည်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါဟု ပြောဆိုလိုက်သည်။

Category:
��

သုတရေးရာ သတင်းပဒေသာ

မာရ်နတ်အမည်ရှိ ပုတ်သင်မျိုးနွယ်ဝင် တောက်တဲ့တစ်မျိုး click
သမီးအရင်းကို သားမယား ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၁၂နှစ်ချမှတ် click
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် အလုပ်သွားရှာမည့်သူများ သတိပြု click
ကွန်ပျူတာသုံးဘာသာပြန်စနစ် ဗားရှင်းအဆင့်မြှင့်click
အမေရိကန် သမ္မတ အတွက် ရဟတ်ယာဉ် ဒေါ်လာ ဘီလျံနှင့်ချီ ကျခံ သုံးစွဲရဖွယ်ရှိ click
Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ click
လိင်မှုရေးရာများ ဖွင့်ချခဲ့သူ ဆော်ဒီအမျိုးသား ကြီးလေးသော အပြစ်ဒဏ် ချမှတ်ခံရ click
အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း...click
စကောလား ရှစ်သာမက နေထိုင် ခွင့်ပါရ မည်ဟု ပြည်ပ ပညာရေး ဆွဲဆောင်click
Windows Vista မှ စိတ်ပျက်စရာများ Windows 7 ကြောင့် မေ့ပျောက်စေမည် ဟုဆို click
Google Analytics Alternative Clicky